ငါးချိုချဉ်ကြော်

          ငါးချိုချဉ်ကြော်ကို အရင်က မတူတဲ့ ပုံစံတစ်မျိုးနဲ့ တင်ထားပြီးသား ရှိပါတယ်။ အခုကြော်ထားတာက ယိုးဒယားချိုချဉ်ကြော် ပုံစံလေးပါ။ အရသာမတူဘဲ ထူးခြားတဲ့ အရသာလေးမို့ ချိုချိုချဉ်ချဉ်ကြိုက်သူများအတွက် လြယ္ကူတဲ့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ


နှစ်သက်ရာငါး ၂ ကောင် (၂၀ ကျပ်သားခန့်)


ကော်မှုန့်/ပြောင်းဖူးမှုန့် စားပွဲဇွန်း ၃ ဇွန်း


ကြက်သွန်နီ ၁ လုံး


ကြက်သွန်ဖြူ ၃ မြွှာ


ချယ်ရီခရမ်းချဉ်သီး ၁၀ လုံး


ခရမ်းချဉ်သီးဆော့စ် ၂ ဇွန်း


Apple Cider ၂ ဇွန်း ( ရှလကာရည်၊ သံပရာသီး)


သကြား ၂ ဇွန်း


ယိုးဒယားငံပြာရည် ၁ ဇွန်း


ရေ အနည်းငယ်


ကြက်သွန်မြိတ်/နံနံပင် အနည်းငယ်


ချင်း အနည်းငယ်


ပြုလုပ်နည်း


၁။ ငါးကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ကော်မှုန့် ၂ ဇွန်းဖြင့် ငါး တစ်ကောင်လုံးနှံ့အောင် လူးပေးပါ။


၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ပါးပါးစိတ္ထားပါ။


၃။ အိုးထဲ ဆီထည့်၍ အပူပေးပြီး ကော်မှုန့်လူးထားသော ငါးကို အရောင် အနည်းငယ်ရသည်အထိ နှစ်ဖက်လှန်ကြော်ပြီး ဆယ်ယူ၍ ဆီစစ္ထားပါ။


၄။ ငါးကြော်သည့် အိုးထဲမွ ဆီမ်ားကို ဖယ်ထုတ်ပြီး လက္က်န္ဆီ အနည်းငယ်ဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။


၅။ အရောင်ရလာပါက ခရမ်းချဉ်သီးအလုံးလိုက် ထည့်ကြော်ပါ။


၆။ ခရမ်းချဉ်သီးလေးများ ပွင့်သွားပါက ခရမ်းချဉ်သီးဆော့စ်၊ Apple Cider (သို့) သံပရာရည်၊ သကြားနှင့် ငံပြာရည်တို့ကို ထည့်ပြီး မွှေပါ။


၇။ လက်ကျန်ကော်မှုန့် ၁ ဇွန်းကို ရေအနည်းငယ်ဖြင့် ဖျော်ပြီး ဟင်းအိုးထဲ ထည့်ကာ ခပ်ပျစ်ပျစ် အနေအထားရအောင် မွှေပါ။


၈။ အရသာအပေါ့အငန်မြည်းကာ ဆီစစ်ထားသောငါးကို ပန်းကန်မှာ တည်ခင်းပြီး အပေါ်မှ ချက်ထားသော ဆော့စ်များလောင်း၍ ကြက်သွန်မြိတ်၊ နံနံပင်တို့ဖြင့် အလှဆင်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။


Credit - Sofia for Food Magazine




Post a Comment

Previous Post Next Post

Popular Posts