တစ်စက္ကန့် ကို ဇာတ်ကား ၆၀ အထိ ဒေါင်းလုပ်ဆွဲနိုင်သည့် WI-FI စနစ် တစ်ခုကို သိပ္ပံပညာရှင် များ ဖန်တီး


တစ်စက္ကန့် ကို ဇာတ်ကား ၆၀ အထိ ဒေါင်းလုပ်ဆွဲနိုင်သည့် WI-FI စနစ် တစ်ခုကို သိပ္ပံပညာရှင် များ ဖန်တီး

အမျိုးသမီးပညာရှင်တစ်ဦးမှ ဖန်တီးခဲ့တာပါ။
ဗြိတိန် မှ သိပ္ပံပညာရှင် များဟာ လက်ရှိအကောင်းဆုံးဆိုတဲ့ ဝိုင်ဖိုင် စနစ်ထက် အဆ ၄၀၀ ပိုမြန်တဲ့ အမြန်ဆုံး ဝိုင်ဖိုင် အင်တာနက်စနစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။
အပြည့်အစုံဖက်ရန် Read Moreu ကိုနှိပ်ပါ

ယခု ဝိုင်ဖိုင် အင်တာနက် စနစ်ဟာ အနီအောက်ရောင်ခြည်စနစ်သုံးပြီး ဒေတာ များကို အင်တာနက် ချိတ်ဆက်ရာ နည်းပညာပစ္စည်းများဆီ ပို့ ဆောင်ပေးသွားမှာ ဖြစ်လို့ လူအများကြီး သုံးလို့ လည်း လိုင်းကျသွားခြင်း ရှိမှာ မဟုတ်ပါဘူး။ Eindhoven နည်းပညာတက္ကသိုလ် မှ သုတေသနပညာရှင်များဟာ တစ်စက္ကန့် ကို 42GB မြန်နှုန်းနဲ့ အံ့သြဖို့ ကောင်းလောက်အောင် ဒေါင်းလုပ် ဆွဲသွားလို့ ရမယ့် အလွန်မြန်တဲ့ super fast ကြိုးမဲ့အင်တာနက်လှိုင်း စနစ်ကို ဖန်တီးခဲ့ပါတယ်။ ဒီမြန်နှုန်းဟာ တစ်စက္ကန့် တိုင်း ရုပ်ရှင် ဇာတ်ကား ပေါင်း ၆၀ အထိ ဒေါင်းလုပ်ဆွဲသွားစေနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ ရိုးရှင်းသလောက် တပ်ဆင်ဖို့ အကုန်အကျနည်းပါးပါတယ်။ ဝိုင်ဖိုင် လွှင့်လိုက်တာနဲ့  အဆောက်အဦ မျက်နှာကြက်များမှာ တပ်ဆင်ထားတဲ့ ဗဟို အန်တနာလိုင်း များကနေ အလင်းတန်းများကို ဒေတာသုံးမယ့် devices များဆီ ညွှန်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ လှုပ်ရှားနေတဲ့အပိုင်းတွေ မပါတာကြောင့် ထိန်းသိမ်းစရာမလိုဘဲ ပါဝါလည်း ပေးစရာ လိုအပ်မှာ မဟုတ်ပါဘူး။
အနာဂါတ်နက်ဝါ့ခ်များဟာ ဝိုင်ဖိုင်မှာသုံးထားတဲ့ ရေဒီယိုအချက်ပြလှိုင်းများကနေ ပြန်ဖမ်းမိလာတဲ့ လှိုင်းများကို ဦးတည်ရာပြောင်းဖို့ သုံးပြီး ဝိုင်ဖိုင်ချိတ်ထားတဲ့ စက်ရဲ့ တည်နေရာကို အတိအကျ လိုက်ပြီး ရှာနိုင်မှာ ဖြစ်ပါတယ်။ ဒီdevice တစ်ခုချင်းစီမှာ ကိုယ်ပိုင် လှိုင်းအလျား wavelength အတိအကျ ရှိတာကြောင့် နက်ဝါ့ခ်တစ်ခုကနေ သုံးစွဲသူပေါင်း များစွာကို လှိုင်းလွှတ်သွားတဲ့အခါမှာ အင်တာနက် မြန်နှုန်း speed ဆုံးရှုံးစရာ မရှိတော့ပါဘူး။ ဒါ့အပြင် တစ်ခြားနက်ဝါ့ခ်များကနေ လွှတ်လိုက်တဲ့ နက်ဝါ့ခ်လိုင်းများကနေလည်း ဒီစနစ်ထဲ ဝင်စရာ အကြောင်း မရှိတော့ဘူးလို့ သိရပါတယ်။
ယခုပရောဂျက်ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ ဂျုန်းနီ အိုဟာ ဒီသုတေသနနဲ့ ပါရဂူဘွဲ့ ရခဲ့သူ အမျိုးသမီးပညာရှင်ဖြစ်ပါတယ်။ ဒေါက်တာ အို့ ဟာ ၇.၅ ပေကျော် အကွာအဝေးကနေ တစ်စက္ကန့် ကို 42.8 Gbit မြန်နှုန်းရှိတဲ့ အင်တာနက်စနစ်ကို တီထွင်ခဲ့ပါတယ်။ ဒီသုတေသနကိုမှ broadband ဆက်သွယ်ရေးနည်းပညာ ပါမောက္ခဒေါက်တာ တွန်ကူနမ်ကဦးဆောင်ပြီး ဥရောပသုတေသန ကောင်စီမှ ရံပုံငွေ ကောက်ခံကာ ဆက်လက်ထုတ်ဖော်နေပါတယ်။ ဒေါက်တာ ကူနမ်ရဲ့အဆိုအရ နောက်လာမယ့် ၅ နှစ်အတွင်း ဒီနည်းပညာသစ်ကို စတိုးဆိုင်များမှာ သုံးသွားနိုင်တော့မှာ လို့ ဆိုပါတယ်။

READ သင် အင် တာ နက်စွဲနေပြီလား
Credit: Duwun



TAGSဝိုင်ဖိုင်သိပ္ပံပညာရှင်အင်​တာနက်

အားလုံးကိုကျေးဇူးတင်ပါတယ် အဆင်မပြေတာရှိခဲ့ရင် ကွန်မန်းမှာစာချန်ခဲ့ပေးပါခင်ဗျာ။

Post a Comment

Previous Post Next Post

Popular Posts